Saturday, December 10, 2011

လတ္တံ့ ကိုးဆယ်ကိုးမျိုး


"လတ္တံ".
by Ven Indobhasa on Saturday, December 10, 2011 at 7:01pm
မြောက်ဦင်္းမြို့တွင် သက္ကရာဇ် (၁၁၀၅) နန်းတက်ခဲ့သော နရပတိမင်းလက်ထက် ပညာရှိ ငအိတက် ငလက်ရိုးတို့အား ဘုရင်မင်းမြတ်မေးတော်မှုသောကြောင်း မြောက်ဦးမြို့ သမီးသစ်အခန့် (၆) တွင့် သောထားလဲ့ထား (၉၉)လတ္တံ


၁ မင်းတို့မတရား ကျင့်ဖောက်ပြား၍ တိုင်းသားပြည်သူ ကြွက်ကြွက်ဆူ အိုးကင်းရေပူဖြစ်လတ္တံ
၂ မင်းတို့မတရား သူခိုးစားလည်းများလတ္တံ
၃ လက်နက်အားကိုး ထိုးမင်းမျိုးကို အုပ်စိုးပိုင်ရာ တိုင်းပြည်ရွှာမှာ သူခိုးဓါးပြ များလတ္တံ
၎ သူမင်းငါမင်း အချင်းချင်း သတ်ဖြတ်ထိုးခါ များလတ္တံ
၅ ရက္ခပူရ ပြည်ဓညမှာ ရာဇနတ္ထိ မင်းမရှိလည်းဖြစ်လတ္တံ
၆ ၅ ရက္ခပူရ ပြည်ဓညမှာ ၀ါဒလက်ကိုင် စစ်ပွဲပြိုင်ကာ ဘယာဘေးကြီးဖြစ်လတ္တံ
၇ ရက္ခပြည်သူ ကြွက်ကြွက်ဆူ အားကိုးရာမဲ့ဖြစ်လတ္တံ
၈ ရက္ခပြည်သူ ကြွက်ကြွက်ဆူ စိတ်ဝမ်းကွဲသူ များလတ္တံ
၉ နိုင်ငံရေးယောင်ယောင် သူတောင်းစားလည်း များလတ္တံ
၁၀ ဘုရားကိုကား နိမ့်ရားထား မျောက်ကားအထက်တက်လတ္တံ
၁၁ ရက္ခပူရ ပြည်ဓညမှာ သ၀ိအမှတ် ပညာကျော်တို့ ဘာယာနတ္ထိဖြစ်လတ္တံ

၁၂ ပညာရှိပျောက် ရက္ခာပြည်မှာ ဘေးကြီးရောက်ကာ လူဆိုးများစွာဖြစ်လတ္တံ
၁၃ သူမြတ်သားကို မနာလို ၀န်တိုစိတ်တို များလတ္တံ
၁၄ သူမြတ်ကိုကား နိမ့်ရားထား လူဆိုးရှေ့ရောက်ဖြစ်လတ္တံ
၁၅ လူကြီးကိုကား နိမ့်ရာထား မင်းကချီမြောက် လူငယ်ရောက် အထောက်ကမာန်ပြုလတ္တံ
၁၆ ဘုရားတရား စောင့်သူများ ရန်မျိုးဘာယ်ကြီး လွတ်လတ္တံ
၁၇ ဘုရားတရား မစောင့်ခြား ရန်ငြိုးကပ်ကြီး သင်လတ္တံ
၁၈ အမျိုးလေးပါး မသိငြား ဘယာဘေးကြီးသင့်လတ္တံ
၁၉ မိခင်ဖခင် ဘုရားခင်ကို ကိုးကွယ်သူများ ကျန်လတ္တံ
၂၀ အမျိုးလေးပါး သိသူများ ဘယာဘေးကြီးလွတ်လတ္တံ
၂၁ မိခင်ဖခင် ဘုရားရှင်ကို မသိသူများ ဘယာဘေးကြီးသင်လတ္တံ
၂၂ ရခိုင်ခေါင်းတုန်း ပြည်၇ွှာကုံးလည်းများလတ္တံ
၂၃ ရခိုင်ခေါင်းတုန်း ဗမာသုံးလည်း များလတ္တံ
၂၄ ချင်းနှင့်ရခိုင် စားပွဲထိုင် ဗမာအောက်သား ပြေးလတ္တံ
၂၅ မယူနတ်ကြီး စည်တော်တီ ယုလားဘေးကြီး သင့်လတ္တံ
၂၆ ဘူးသီးတောင်နယ် မင်းခေါင်းကုလား စိုးလတ္တံ
၂၇ ကုလားခေါင်းထက် အခါ(၉၅)ပျောက်လတ္တံ အမာရွပ်အခါ (၉၀)ပေးလတ္တံ
၂၈ ကုလားကိုရှာ ကျောက်တော်နေမှာ ထိုခါတစ်ရုပ်တွေ့လတ္တံ
၂၉ ဂိဇ္ဈကုဋ်တော် ဗြိတ္တာပေါင်းများ လူပေါင်းရောက်လည်း များလတ္တံ
၃၀ မုသ၀ါဒီ ပြောဆိုခါ များစွာစားသောက်များလတ္တံ
၃၁ မိဘကိုကား နိမ့်ရာထား သားကတ၇ားခံလတ္တံ
၃၂ မိန်မယောင်္ကျား ထိုလူများကို ဒုက္ခဘေးကြီး ဆိုက်လတ္တံ
၃၃ ရက္ခပူရ ပြည်ဓညမှာ မိန့်မများစွာ လက်ကောက်ခြေးချင်း ကျွတ်လတ္တံ

၃၄ ထိုသောမိန့်မ ဣထိယာကား ခပဇာထမင်း ချက်လတ္တံ
၃၅ ရက္ခပူရ ပြည်ဓညမှာ ရွှေငွေအသပြာ ရတနာည်း ဗလာနတ္ထိ ရှဒတိတိလည်းဖြစ်လတ္တံ
၃၆ ရက္ခပူရ ပြည်ဓညမှာ မ၀၀မ်းစာ ဖြစ်လတ္တံ
၃၇ မြို့သား လူနတ် လူသူမြတ် နတ်ရုပ်ထိုးခါ တက်လတ္တံ
၃၈ မယားစားမယ် သားစားမယ် ချောင်းဇျားချေ မြိုင်ချေဝင်လို့ ထိုးလတ္တံ
၃၉ အင်္ကျီမဟုတ် ကုလားခြုတ်ကို ၀တ်လတ္တံ
၄၀ သင်္ဘောမဟုတ် ဘရဂုတ် စီးသူများလတ္တံ
၄၁ အင်္ကျီလက်တို လူလဘောလည်း များလတ္တံ
၄၂ ယောင်္ကျားမပီ လူလဗွီးလည်း များ
၄၃ မိန့်မ မတရား လင်ပျော်ထားလည်း များ
၄၄ အပျိုကညာ ရတနာကို အသရေမလုံ ရုပါရုံနှင့် သားမြတ်ပေါ်အောင် ၀တ်လတ္တံ
၄၅ ထိုသ်ာမိန့်မ ဖွားသည့်သားက သူခိုးဓါးပြ ဖြစ်လတ္တံ
၄၆ မိန့်မ မတရား ကျင့်ဖေါက်ပြားလည်း စီးပွားကုန်သည် လုပ်လတ္တံ
၄၇ မိန့်မ မတရား ကျင့်ဖေါက်ပြားလည်း လောင်းတန်းကစား များလတ္တံ
၄၈ ထိုသည်မိန့်မ ဖွားသည့်သားက လူလိမ်လူညာဖြစ်လတ္တံ
၄၉ တောင်ကအောက်ချင်း ပြားကိုဆင်း အောင်းချင်းပေါ်ရေးများလတ္တံ
၅၀ ကျေးဇူးမသိ လူဒိဋ္ဌိလည်းများလတ္တံ
၅၁ တရားပြကာ စီးပွားရှာ အေ၇ှာင်စားသူ များလတ္တံ
၅၂ အကကိုဆောင် သိလကြောင်း အရှောင်းမုသားပြောလတ္တံ
၅၃ ခေါင်းတုန်းရိပ်သာ သင်္ကန်းဝါ ဦးပြည်ရဟန်းများလတ္တံ
၅၄ ကျောင်းထိုင်းသံဃာ သင်္ကန်းဝါ ဘဏ္ဍာစိုးသူ များလတ္တံ
၅၅ သိက္ခာမလုံ မလုံခြုံ ဆူကြုံနိမ့်မြင့် များလတ္တံ
၅၆ ပိဋကတ် သုံးဖုံး မလုံခြုံ ငြင်းခုန်ခိုက်ရန် ဖြစ်ရလတ္တံ
၅၇ စားပြီးအိပ်နေ ဘိက္ခစေ ကျောင်းစရိုက်မရ ဒေါသထွက်လည်းများလတ္တံ
၅၈ ဘုန်းကြီးမတရား ညဆွမ်းစားလည်းများလတ္တံ
၅၈ ဘုန်းကြီးယောင်းယောင်း ကျောင်းတစ်ဆောင်နှင့် မင်းခေါင်းဆရာ ခံလတ္တံ
၆၀ အရဲ ရဟန်း တက္ကတွန်းလည်း ဝေးလတ္တံ
၆၁ ရက္ခပူရ ပြည်ဓညတွင် မြတ်ရှင်ဗုဒ္ဓ ကိုယ်အလှယ်လှည်း တောသာယာမှာ ထိုခါရောင်းဝါ ပြလတ္တံ
၆၂ နတ်မှုလာပြန် ကန်တော့သံကို ရခိုင်အမှန်ကြားလတ္တံ
၆၃ ဝေသာလီတောင်ရင်း တောအတွင်းက စောင့်ညှင်းတူရိယာ တွန်းလတ္တံ (တီး)
၆၄ ရက္ခပူရ ပြည်ဓညမှာ သာသနာရောင်း တပြောင်းပြောင်းနှင့် နေလပမာ ထွန်းလတ္တံ
၆၅ ဥတ္တမဓုရ ပြည်ရက္ခတွင် အကျင့်ထူးဆန်း သီလပန်းနှင့် ရဟန်းကိုးပါး ပေးလတ္တံ
၆၆ သာသနာ ဒါယကာ အပေါင်းများစွာတို့ သဒ္ဓါရွှင်လန်း ဖြစ်လတ္တံ
၆၇ ရက္ခပူရ ပြည်ဓညမှာ ရွှေငွေများစွာ အသပြာနှင့် ဆန်ရီစပါးများလတ္တံ
၆၈ ရက္ခပြည်သူ တိုင်းဓညတွင် သာဝနာကမ္မဋ္ဌာန်း စီးဖြန်းသေသူ များလတ္တံ
၆၉ ရက္ခပြည်သူ ခမ်းသိမ်းသူတို့ မောတ္တာတရား များလတ္တံ
၇၀ သကြားဒေ၀ါ နတ်တကာတို့ များစွာကူညီ များလတ္တံ

၇၁ ငပြီမတုန် မြို့ကိုဖုံကာ တစ်တွေမြို့ကြီး ကိုးခါပျက်လတ္တံ
၇၂ မြစ်ဆိတ်ကမ်းပါး နေသူများလည်း ဒုက္ခဘေးကြီး များလတ္တံ
၇၃ ကုလားတန်မြစ်ကမ်းပါး ရွှာချင်းများကို အပိုင်ကုလားလိမ်လတ္တံ
၇၄ သာသနာရောင်ဝါ ထိုသောအခါ ဘူသီးတောင်မှာ မင်းခေါင်းကုလားစိုးလတ္တံ
၇၅ ဂစ္ဆပနဒီ မြစ်ကညာဆီက ရေမင်းတို့ခါ ပျောက်လတ္တံ
၇၆ မိုးကြိုးကမ်းမှာ မိုးကြိုးနကား ရောက်လတ္တံ
၇၇ ရက္ခပူရ တိုင်းဌာနတွင် ရှေနောက် ပညာရှင်တို့ များလတ္တံ
၇၈ ပညာရှိရောက်ခါ တိုင်းပြည်ရွှာ သာယာဖွဲ့ဖြိုးဖြစ်လတ္တံ
၇၉ ငြိမ်းချမ်းတိုင်းပြည် နှလုံးလည်း စစ်သည်များစွာ နာလတ္တံ
၈၀ စစ်သည်နာပြီး စည်တော်တီ ဘုန်မိနေရောင် တောက်လတ္တံ
၈၁ မောင်ဆွဲနတ်ကြီး တဟီးဟီး နတ်မောင်းထိုးခါ တီးလတ္တံ
၈၂ သြမရနတ်ကြီး စည်တော်တီ ပြည်ကြီးအောင်လံ ထူလတ္တံ
၈၃ နတ်မောင်တီခါ လူမိစ္ဆာတို့ မုချထိုခါ ပျက်လတ္တံ
၈၄ ဘောင်ဒွတ်နတ်ကြီး စည်တော်တီ ပြည်တီ ပြည်ပြီးသာယာ ဖြစ်လတ္တံ
၈၅ မျက်စိမျက်ဆန် ကုလားတန်က လှံဖျံထိုခါ ဝေးလတ္တံ
၈၆ တစ်ခါမယုံ တစ်ခါယုံ ငြင်းခုံထိုခါ ဖြစ်လတ္တံ
၈၇ ၀ိဇ္ဇာယောင်းယောင်း သီလကြောင်လည်းများလတ္တံ
၈၈ ဘုန်းတန်းကြီးကြီး အသီးသီးတို့ ပူးဆွေသောက များလတ္တံ
၈၉ ရက္ခပူရ ပြည်ဓညမှာ လိမ်ညာမတရား ထိုးသူများလည်း ဒုက္ခဘေးကြီး တွေ့လတ္တံ
၉၀ ရက္ခပူရ ပြည်ဓညတွင် ဂုဏ်ဖန်ကတောင် ဆိုင်လတ္တံ
၉၁ ဂုဏ်ဖန်ထွန်းခါ လးမိစ္ဆာတို့ ဘယာဘေးကြီး ဆိုက်လတ္တံ
၉၂ အရှေထွက်ညှက် အနောက်ပျက် မုချထိုခါ ဖြစ်လတ္တံ
၉၃ အလယ်တာရိုး ပြည်ရက္ခိုင်မှာ ရွှေထီးမိုးကေ ဂုဏ်တန်းခိုးလည်း တက်လတ္တံ
၉၄ ရွှေငွေအသပြာ ရတနာလည်း အိမ်တိုင်းရာရောက် ပေါ်လတ္တံ
၉၅ ဘုန်းရှိပေါ်ပေါက် ကုန်းမဲ့ပျောက်လည်း ဖြစ်လတ္တံ
၉၆ ရခိုင်တိုင်းပြည် ရှိတုန်ကလေ့ လူတွေအထွဋ္ဋ် အမြတ်မဟာကို ထိုခါသရုပ်ပင့်လတ္တံ
၉၇ မာရုပ်ပင်လိုက် သက္ကရာဇ် တွေ့လိုက်သင်္ချာ တြိနာ မိန်ရာသိစက် ပြချက်ဝါးဟာ လေသာသင်္ဘော မောင်းနှင်မျှော၍ သွင်းခါအင်းပေါက်ဝမှာ ၀င်လတ္တံ
၉၈ တစ်ရုပ်ကုန်လစ် အချိန်ခါ ရက္ခဘုရင် စကြာမင်းကို မေန္ဒြိကိုဟူသော သ္မီးကညာတစ်ပါးဆက်လတ္တံ
၉၉ ဤသည်ကား ရခိုင်ပညာရှိ ငအိထက် ငလက်ရုံးတို့ လျှောက်တင်ခဲ့သော ကျောက်ရိုးရာဇ၀င် မြောက်ဦးမြို့ နတ်သ္မီးသစ် ဖြစ်ပါသည် မန္တလေးမြို့ ရောက် မဟာမြတ်မုနိဘုရားကို ပင့်ဆောင် စစ်တွေ့မြို့ အင်းပေါက်ဝမှ ၀င်ပြီးလျှင် သီရိချေင်း သိမ်တော်ရင်းတို့ ပို့ပေးပါလမ့်မည် အာဂဘုရားသုံးဆူးဖြစ်ပါသည်။

No comments:

Post a Comment