Friday, September 30, 2011

မြို့သင်းကြိးအောင်လာတွေ၍ မာရာယုကလေးအားမွေးစားခြင်း

ထိုအခါ၌မြို့သင်းကြိးအောင်လာသည်ခွေးများနင့်တောလယ်လာလတ်သော် မြို့သင်းကြီးအောင်လာသည်လည်း
ချုံထဲ၌ထွန်းမသောအလင်းရောင်ကိုမြင်၍ခွေးများန်င့တက်လေသော်မီးလျံတွင်းသို့ဝင်၍ကြည့်လေသော်ကြန်
အင်လက္ခဏာနင့်ပြည့်စုံသောကလေးကိုမြင်ရာ တန်ခိုးအာနုဘော်ကြိးသူဖြစ်၍ သားကဲ့သို့ကြင်နာလေးမြတ်စွာ
ချစ်ခြင်းဖြစ်ခြင်းဖြစ်၍အိမ်သို့ဆောင်ယူလျက်မွေးစားထားလေတော့၏။ က္ကန္ဒမာယုသကျအမျိုးသမီးမှဖွားမြင်သောသားဖြစ်သောကြောင့် (မာရယု) ဟူသောအမည်ကို မည့်ခေါ်ကြလေကုန်၏ 
ထိုသူငယ်အားခပ်သိမ်းကုန်သောမြို့အပေါင်းတို့သည်အံ့သြသရဲဖြစ်ကြပြိးသော်လက်ခုပ်လက်ဝါးတီးလျက်ကြည့်
ကြသောအရပ်သည်(ငလက်ခုတ်)ဟုခေါ်တွင်၏။
      ထိုသူငယ်သည်ကြီးပြင်းလာသောအခါရုပ်ဆင်းအင်္ဂါလက္ခဏာနင့် ခွန်အားဗလအစွမ်းအားဖြင့်ပြည့်စုံလေသည်။  လေးမြားအတတ်ပညာတို့၌ အပစ်ခတ်,ဓားထိုးလှံထိုးကအစအလွန်ပင်ကျွန်းကျင်လေသည်။ ထိုအခါ မြို့အပေါ်င်းတို့ကဤသူငယ်အားမင်းပြုစေခြင်းအံ့တိုင်ပင်ကြကာမြို့သင်းကြိးသမီး (မိပိန်ညှာ)နင့်ထိမ်းမြားပြိးသော်သာယာကြိးမြင့်သောတောင်ထိပ်ကုန်းတစ်ခုပေါ်ဝယ်အိမ်ကြိးခုနစ်ဆောင်
ဆောက်၍ မင်းမြောက်ကြလေတော့၏ ။  ထိုအိမ်ကြိးခုနစ်ဆောင်ဆောက်ခဲ့သောအရပ်ကိုယနေ့တိုင်အောင်(ခုနစ်ဆောင်)အရပ်ဟုခေါ်တွင်လေသည်

No comments:

Post a Comment