သိန်းတန်ဖုန်းနှင့် Y-Talk
ခေါင်းစဉ်ကိုစိတ်ဝင်စားသွားကြပြီလားသူငယ်ချင်းတို့။
နှစ်စဉ် 10လပိုင်း 11လပိုင်းတွေဆို ရတနာပုံဆိုဒ်ဘာစီးတီးမှာပြပွဲတွေလုပ်အသစ်အဆန်းတွေရောင်းချနဲ့ပေါ့
လုပ်ငန်းရှင်တရုတ်တွေလည်းပျော်။(အမည်မပြောဘူး)ဟိုလူတွေလည်းပျော်ရတဲ့ပွဲတော်ကြီးပေါ့။ကျွန်တော်လေ့လာရသလောက်ပေါ့ရတနာပုံဆိုဒ်ဘာစီးတီးပြပွဲကိုသူငယ်ချင်းတို့လည်းမှတ်မိမှာပေါ့။ပထမနှစ်မှာ GSM card ဖုန်းတွေချပေးပါတယ်။ 10တန်၊20တန်တွေပေါ့၊နောက်နှစ်ကြတော့ (၅)သိန်းဖုန်း။နောက်နှစ် အင်တာနက်ပါရတဲ့Mc Willဖုန်း။ အခုဆိုရင် ပြည်တွင်းမှာလည်း နိုင်ငံတကာအဆင့်မီ(ဘယ်တော့မှဖွင့်လို့မရတဲ့)ပေါ်တယ်လ်လား၊ ပျောက်တယ်ဆိုတာကြီးက လဲမိန့်မိန့်ကြီးပေါ်ထွက်လာပြီလေ။ကျွန်တော်ဖွင့်ကြည့်တာတော့လည်းဘယ်တော့ဖွင့်ရပါဘူး။မေးကြည့်တော့ ကောင်းအောင်လုပ်နေလို့ပါတဲ့။အခုဆိုရင်ဖုန်းဘီလ်ဆောင်လို့ရပြီနော်။ဒါပေမဲ့ဆိုဒ်ကဖွင့်လို့တောင်မရတာဘယ်လိုလုပ်ဘီလ်ဆောင်မှာတုန်း။သူငယ်ချင်းတို့မန်ဘာဝင်ကြည့်ပါအုံးလွယ်မရောင်နဲ့ခက်နေတယ်၊internet userဆိုတာ ဆိုဒ်တခုမှာ
မန်ဘာဝင်ပြီးဖတ်ဖို့စိတ်ချုပ်စရာကောင်းတာကိုတော့ဘယ်သူမှဝင်မှာမဟုတ်ပါဘူး။ကဲစကားရှည်နေပြီလိုရင်းဆက်လိုက်အုံးမယ်။အခုနှစ်မှာ(၃)သိန်းဖုန်းတွေချပေးမယ်ဆိုတော့ပြည်သူတွေဝမ်းသာအံ့သြကြတာပေါ့။ဝမ်းသာတာက လူတန်းစား မရွေးသုံးနိုင်မည်။အံ့သြတာက15သိန်းတန်တွေ၊5သိန်းတန်သမားတွေမျက်ခုံးလှုပ်တာပေါ့။အခုတော့နောက်နှစ်ဖြစ်သွားပြီ လေဟဲဟဲ။
မကြာခင်ကဘဲuser တွေကမေတ္တာပို့ကြပါသေးတယ်။နိုင်ငံခြားခေါ်ဆိုမှုတွေပိတ်လို့လေ၊ ဒါကလည်းအကြောင်း ရှိတယ်လေ။ဘာကြောင့်လို့ထင်သလဲ အကြောင်းကတော့ Y-Talk တွေလာမလို့ဗျား။Y-Talk တွေကိုကြို တင်ငွေဖြည့်ကဒ်နဲ့သုံးလို့ပါတယ်တဲ့။မြင်ယောင်သေးတယ် ဒီကော်နရှင်နဲ့ဖုန်းလို့ရအုံးမယ်ဆိုတော့။ ရတနာပုံပျောက်တယ်(ဖွင့်မရလို့)ဆိုဒ်ကလည်းတရက်မှာ 25နာရီလောက်ကဖွင့်မရတာများပါတယ်။ မကြာခင်ကဘဲသတင်းစာတွေ၊ဂျာနယ်တွေမှာ အင်တာနက်ကော်နရှင်တွေကောင်းတော့မယ်ဆိုလို့ ကျွန်တော်လည်း ငခူပြုံး၊ငရံ့ပြုံး၊နဲ့နိုင်ငံတကာအပြုံး ပြုံးလိုက်သေးတယ်။အခုချိန်ထိတောင်မရသေးပါဘူး။ပြည်တွင်းမှာuser တွေကများလာတယ်။ လိုင်းတွေတိုးချပေးတယ်ဘဲကြားရတယ်။ကော်နရှင်တွေပိုကောင်းလာတယ်။ဒေါင်းလော့ဆွဲတာမြန်လာတယ်လို့မကြားရသေးဘူး။သီချင်းထဲကလိုပေါ့ ကော်နရှင်မျှော်တိုင်းဝေးပေါ့။သတင်းတွေစုံချက် ကလည်းပြောမနေနဲ့ သူများဂျာနယ်တိုက် ကနေအဆင်သင့်ယူပြီးထည့်တယ်ကလည်းကြောက်တော့ပေးရတာပေါ့ပြီးတော့သူတို့ဘဲသတင်းရသလိုလိုနဲ့၊ဒီနေ့ဖြစ်တဲ့သတင်းသူ့ဆီမှာတက်လားကြည့်လိုက်ပါအုံး။ဘယ်တော့မှမတတ်ဘူး။သာမန်ဘလော့တခုကမှသတင်းရသေးတယ်။အင်တာနက်ဆိုင်တွေနဲ့ပြည်တွင်းကကျွန်တော်အပါအ၀င်သူငယ်ချင်းတွေအားလုံးကိုသနားလိုက်တာဒီကော်နရှင်လေးနဲ့လုပ်စားနေရလို့ပါ။ဒါတောင်ဂြိုလ်တုကြီး လွင့်အုံးမယ်ဆိုဘဲဗျ။ ဟားဟားဟားလို့တောင်မရီချင်တော့ဘူး။ ဒီဘလော့လေးတင်တာတောင်လိုင်းကကောင်းတာမဟုတ်ဘူးကြိုရေးထားလို့မဟုတ်ရင်ခံရာပြီ။အဲ့ဒါကြောင့်ဒီနှစ်(၃)သိန်းချမပေးတာကနောင်နှစ်အတွက် Pfingoပိတ်တာက Y-Talkအတွက်ပေါ့။မဟုတ်ဘူးလား။ တလောကဂျာနာမှာဖတ်လိုက်ရတယ်G-government ကြီးတွေလည်းလုပ်နေပါပြီ၊အကောင်အထည်ဖော်နေပါပြီဆိုပြီးလေ။ ဟွန်းးဟွန်းး။အခုဆိုရင် online shopping mall တွေလည်းပေါ်လာပြီနော်။ဒါပေမဲ့online ငွေပေးချေမှုမရှိဘဲနဲကတော့တပြည်လုံးအတွက်ဆိုရင်အစဉ်ပြေမှာမဟုတ်ဘူး။ATM စက်တောင်အသုံးပြုခွင့်မရသေးတာ။Online ကနေငွေတဲ့စနစ်ဆိုတာတော့သူငယ်ချင်းဘဲစဉ်းစားပေါ့။bus တောင် card စနစ်တော်ကြာလုပ်မယ်၊အခုလုပ်မယ်နဲ့ဖြစ်မလာတာ။ကျွန်တော်တို့ကလည်း အရိုက်ခံရတာကလေးလိုဘဲအရေထူနေပါပြီ။သူငယ်ချင်းများလုံးကိုယ်စိတ်နှဖြာကျန်းမာချမ်းသာပါစေလို့။။။။။။။။။။။။။။။။။
ကဗျာရေးတာဖြစ်လို့ကလောင်အရင်းမထည့်ပေးတော့ပါဘူး။
ကဗျာဆရာတစ်ဦးလို့မှတ်ယူကြပါ။

No comments:
Post a Comment