ထိုမာရာယုမင်းသားငယ်အားမင်းမြောက်သောနေ့၌ပင်သိကြားမင်းကိုယ်တိုင်ဆင်းလာပြိးသော်အရိန္ဒမလှံပျံနင့် ပတ္တမြားမျက်ရှင်ကိုပေးအပ်လေ၏ ထိုအခါ မာရယုမင်းသားသည်ထိုအရပ်မှတောင်ဘက်အရပ်သို့ထွက်ကြွမူလေ၏။
အစဉ်သဖြင့်သွားလေ၍ဝေသာလီမြို့အနီးသို့ရောက်လတ်သွားအခါငဆဒ္ဒန်ဘီလူးညီနောင်မောင်နမတို့အားတွေ့လေ၍စစ်ခင်းလျက် ဘီလူးတို့အားသိကြားမင်းဆက်အပ်သောအရိန္ဒလှံပျံဖြင့် ထိုးသတ်လေသော်ဘီလူးအပေါ်င်းတို့သည်မခုခံနိုင်ဘဲအားလုံးသေကြေပျက်စီးမူသို့ရောက်ကြလေကုန်၏
ထိုပြိးနောက်မာရယုမင်းသားသည်ပိတ်ထားသောဝေသာလီမြို့တံခါးကိုလှံပျံအရှိးဖြင့်ထောင်းထုကန်ကြောက်ကာဖွင့်လျက်မြို့တွင်းသို့ဝင်လေ၏ထိုမြို့တွင်းကျန်ရှိကုန်သောလူအပေါ်င်းတို့သည်လည်းကောင်းကောင်းချီးသြဘာပေးကြကုန်လျှက်ထိုမင်းသားအားနန်းတွင်းသို့ယူဆောင်ကြလေသည်။
ထိုအခါမာရယုမင်းသားသည်နန်းတွင်းရှိမိဘုဖုရားကြိးအားယောက္မအရာတွင်ထားလျှက်ဗြဟ္မသိဒ္ဓမင်း၏သိမီးတော်(ရှိစိတမာလာ)နင့်ရာဇဘိသေကခံယူကာဝေသာလီမြို့တွင်ါမင်းအဖြစ်စိုးစံတော်မူလေ၏။ ထိုပြိးနောက်ဤဝေသာလီကားဘီလူးများစွာတို့ဝင်ရောက်နိပ်စက်ကာလူအပေါ်င်းတို့အားစားလေသောမြို့တစ်မြို့အဖြစ်သောကြောင့်နေထိုင်ခြင်းငှာမအပ်ပြိဟုဆိုကာ၎င်းဝေသာလီမြိုဟောင်းအားစွန့်ပယ်ပြီးသော် မြို့သစ်တည်ရန်တစ်ပါးသောနေရာသစ်ကိုရှာအံသောငှာရဲမက်ဗိုလ်ပါမြောက်များစွာနင့်မြောက်ဘက်အရပ်သို့ထွက်ကြွတော်မူရာသီရိမာမည်သော(သားချောင်းဖျား)လက်ယာဘက်ကမ်းနားသို့ရောက်လတ်သော ဟိမ၀န္တာမှကောင်းကင်ခရီးဖြင့်ပျံလာသော (နာဂိန္ဒ)ရသေ့နင့်တွေ့လေ၏။ ရင်ရသေ့က အဘယ်လို့ငှာမင်းကြိးလာသနည်းဟုမေးလေသော်ရသေ့ကသင်မင်းကြီး ဤအရပ်သည်ကားဘူမီနက်သန်မှန်၍အလွန်သင့်မြတ်လှသည်ဟုဆိုလေသော်အခါမာရယုမင်းသည်ဘုမ္မိနက်သန်မှန်သောအဖြစ်ကိုတစ်ပည့်တော်တို့မသိပါဟုလျှောက်တင်လေလျှင်နာဂိန္ဒရင်ရသေ့သည်လည်း (ဘုမ္မိစလမန္တန်)ဂါထာတော်ကိုဖတ်လေသော်မြေကြိးထဲ့မှဆင်ကဲ့သို့မြည်ဟည်းလျက်ဖြူသေခရုသင်းအဆင်းကဲ့သို့အခိုးအငွေ့တို့သည်လက်ယာရစ်လှည့်လည်လျက်ကောင်းကင်ထက်သို့တက်သွားလေသည်ကိုမင်းနင့်တကွလူအပေါ်င်းတို့တွေ့မြင်ကြရလေသော်ဘုမ္မနက်သန်မြေစစ်ဖြစ်ကြောင်းကိုသိရှိကြလေသည်။ ဤနေရာ၌ယခုတည်ထားတော့မည်မြို့ကိုအဘယ်သို့လျှင်မည့်ခေါ်ကြပါအံနည်းဟုရှင်ရသေ့အားမေးလျှောက်ကြသောအခါနဂိန္ဒရှင်ရသေ့မြတ်က ဤသို့လျင်ဆိုတော်မူ၏ ကက္ကုသန်၊ဂေါဏဂုံ၊ကဿပတည်းဟူသောမြတ်စွာဘုရားရှင်တို့လက်ထက်ဝယ်(ဓည၀တီ) ဟုပင်အမည်ထားလတ္တံတည်း။
သို့ဖြစ်သောကြောင့်သင်မင်းမြတ်သည်ဤမြို့တော်အားသုတ်သင်ရှင်းလင်းပြိးသော်ထီးနန်းတည်ဆောက်တော်မူလျှက်(ဓည၀တီမြို့တော်)ဟုအမည်ပေးအပ်ကာစိုးစံလောဟုမှာထားခဲ့ပြိးနာဂိန္ဒရှင်ရသေ့လည်းကောင်းကင်ခရီးဖြင့်သာလျှင်ဟိမ၀န္တာကိုရှေးရူကြွတော်မူ၏။ ထိုအခါ မာရာယုမင်းမြတ်သည်မူးမတ်ပညာရှိတို့နင့်တိုင်ပင်လျှက် နန်းတော်တည်ရာမြေတလင်းတို့အားခုတ်ထွင်ရှင်းလင်းကာ ဘိုးတော် (အဉ္စနကိန်း)ဖြစ်သော(ဏ၀စန္ဒေ)(၈၆၄၅)ခုနစ်ကိုမဖြိုမိရှိသောကောဇာသက္ကရာဇ်(၆၉၉၅)ခုနစ် ခရစ်ဘီစီသက္ကရာဇ်(၃၃၂၅)ခုနစ်တွင်မြို့သူကြိးအောင်လာသမီး (မိပညှာ)နင့်ဝေသာလီမင်းသမီးတော်(ရုစတမာလာမိဖုရားနစ်ဦးတို့နင့်စတင်ထီးနန်းစိုးစံတော်မူသောပထမဆုံးဓည၀တိမြိုတော်ကြိးကိုတည်ထောင်ခဲ့တော်မူသောမင်းဖြစ်လေတော့သည်
No comments:
Post a Comment