Friday, September 30, 2011

ရခိုင်ပြည်နယ်တွင် ဗုဒ္ဓခြေတော်ရာ လေးဆူ တည်ရှိခြင်း

၁၊၊အနောက်ဖရုံကာကျွမ်းတွင်နီလာပဗ္ဗတ(ဆံတော်ရင်) တောင်အောက်၊ တောင်ဘက်ပင်လယ်ကမ်းစက်လိုင်းပုတ်သောနေရာ ကျောက်ဆောင်ပေါ်ဝယ်ရေနတ်နဂါးမင်းရှစ်မျိုးတို့၏မြတ်စွာဘုရားအားတောင်းပန်ချက်အရဘုရားရှင်သည်(ဆံတော်နစ်ဆူ)နင့် ကျောက်ဆောင်ပေါ်ဝယ်ခြေတော်ရာပါဒတစ်ဆူ ချပေးတော်မူခဲ့လေသည်ယခုအခါ တစ်နစ်တစ်ကြိမ်ကျင်းပနေသော ဆံတော်ရှင်ဘုရားပွဲတော်သို့သွားကြလျှင်ခြေတော်ရာအားဖူးမြော်နိုင်ကြလေသည်
၂။ အမ်းမြို့တွင် (နာဠာဂီရိပဗ္ဗတ)ဆင်တင်ကျောက်တောင်၏တောင်ထိပ်ပေါ်ဝယ်အတိတ်ဘ၀ကမိတ်ဆွေဖြစ်ခဲ့သောမုဆိုးကြီး၏တောင်းပန်ချက်အရ(ခြေတော်ရာ လက်ဝဲပါဒတဆူချပေးတော်မူခဲ့လေသည်)ယနေ့ထိတိုင်ထင်ရှားစွာတည်ရှိသဖြင့်သွားရောက်ဖူးမြောက်နိုင်ကြလေသည်။
၃။ အမ်းမြို့တွင် သမ္ဗူနဒီ (လမုချောင်း)တွင်  (မဏိသေလရေအိုင်)၌တဆူချပေးတော်မူခဲ့လေသည်။ယနေ့ထိတိုင်ထင်ရှားစွာရှိသေးဖြင့်သွားရောက်ဖူးမြောက်နိုင်ကြလေသည်။
၎။ ရသေ့တောင်မြို့နယ်မူစည်းကျွမ်းရှိ(ရမ္ဗဒါမြစ်)ကမ်းအနီးကမ်းနဖူးဝယ်(သစ္စဗန္ဓာရသေ့နင့်ရမ္ဗဒါနဂါးမင်း)တို့ကတောင်းပန်လေချက်အရမြတ်စွာဗုဒ္ဓမြတ်စွာဗုဒ္ဓသည်(ခြေတော်ရာပါဒတစ်ဆူ)ချပေးတော်မူခဲ့လေသည် သို့ဖြစ်ပါ၍     ဗုဒ္ဓမြတ်စွာဘုရား၏ခြေတော်ရာလေးခုကိုယနေ့ထိတိုင်ရခိုင်ပြည်သူ၊ပြည်သားရဟန်းရှင်လူအပေါ်င်းတို့သည်သွားရောက်ဖူးမြော်ကြလျှက် နစ်စဉ်နစ်တိုင်းဗုဒ္ဓခြေရာတော်ရာပွဲကျင်းပပူဇော်ကြလျှက်ရှိသည်ကိုတွေ့ရှိရနိုင်ကြပါသတည်း။  ။

No comments:

Post a Comment