မြောက်ဦးမြို့တော်ရှိ နန်းတော်ကုန်းကို မင်းစောမွန်သည် တည်ဆောက်ခဲ့သည်မှာကားမူလနဂိုအားဖြင့်ကုက္ကားတောင်နင့်တောင်ညိုတောင်နစ်ခုကိုတူးဖြိုညှီလျှက်တည်ခဲ့သောကျောက်ဆောင်ကျောက်သားမြေခံမြေများဖြစ်ပေသည် နန်းကုန်းပတ်လည်စတုရန်းပုံသဏ္ဍန်ကို ကျောက်အုတ်တို့ဖြင့်တံတိုင်းပြုကာအမာခံပြုလျှက်ကောဇာသက္ကရာဇ်(၇၉၂)ခုတော်သလင်းလဆန်း(၁)ရက်တနင်္ဂနွေနေ့ခရစ်သက္ကရာဇ်(၁၄၃၀)ခုနုစ်တွင်မြောက်ဦးခေတ်ထီးနန်းကိုစတင်တည်ထောင်ခဲ့လေသည်
ပထမဆုံးမြောက်ဦးထီးနန်းတော်ကိုစောမွန်မင်းများလက်ထက်အုတ်တံတိုင်းများဖြင့်သာအခြေခံချ၍်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်မြောက်ဦးဒုတိယခေတ်မင်းဗာဘုရင်လက်ရောက်သောအခါကားကျောက်အမာခံတံတိုင်းများဖြင့်ထပ်မံပြီး သော်ခိုင်ခံ့ကြီးကျယ်ဖြင့်တည်ဆောက်ခဲ့လေသည်
ဤသို့ဖြစ်ပါ၍ ရခိုင်မဟာရဇ၀င်တော်ကြီးလင်္ကာတွင် (စောမွန်ပြင်ပြု၊ မင်းဗာတည်ကေရွေမြောက်ဦး) ဟုလည်းကောင်း ၊(မြောက်ဦးမည်သာမြို့အောင်ချာ ကိုတည်လျာပြုလစ်က္ကရာဇ်ကား ဒွေးဖြစ်နေ၀ါသတ္တသားတည်း) ဟူရ်ျလည်းကောင်း ပါရှိသည်ကိုတွေ့ရှိရပေသည်
နန်းတော်ကုန်း၏အဆင့်သုံးဆင့်ဖြစ်လေသည် ထိပ်ဆုံးအမြင့်မှာအောက်ဆုံးအဆင့်ထိပေပေါ်င်း(၅၀)မြင့်လေသည်၊ တတိယအဆင့်၏တောင်ဘက်သို့ပေပေါ်င်း(၁၆၀၆) ပေရှိသည်။ အရှေ့ဘက်မှအနောက်ဘက်သို့ပေပေါ်င်း(၁၇၄၀)ပေရှိသည်၊တံတိုင်းများအောက်ခြေတွင်ကျောက်သား(၇)ပေထုထည်ရှိသည်၊ တံတိုင်းတို့၏အထက်ပိုင်းထုထည်မှာ(၄)ပေရှိသည်၊
ပထမနုင့်ဒုတိယတံတိုင်းအကွာမှာပေပေါ်င်း(၂၃၇)ပေရှည်လျှားလေသည်၊ အပေါ်ဆုံးအထက်နန်းရင်ပြင်၏အကျယ်အ၀န်းမှာ (၆၅၆)ပေကျယ်ဝန်းလေသည် အရှ့ဘက်အဆင့်တံခါးမှ ဒုတိယအဆင့်တံခါးသို့ပေပေါ်င်း (၂၃၃)ပေရှိသည်၎င်းမှတတိယအဆင့်တံခါးသို့ (၁၆၆)ပေ ရှိလေသည် ၊
အပေါ်ဆုံးအထက်နန်းရင်ပြင်၏ မြောက်မှတောင်ဘက်သို့အလျားပေပေါ်င်း(၆၇၉) ပေကျယ်ဝန်းလေသည်တောင်ဘက်တတိယအဆင့်မှဒုတိယအဆင့်သို့ပေပေါ်င်း(၁၃၈)ပေရှိလေသည် ၄င်းထဲ့မပထမတံခါးပေပေါ်င်း(၄၅၀)အကွာအဝေးရှိလေသည်၊တံခါးများ၏၀င်ပေါ်က်မှာ (၁၀)ပေစီကျယ်ဝန်းသည် တံခါးတစ်ဘက်တစ်ချက်စီတို့၏တံခါးဘောင်များမှာ(၈)ပေစီရှေ့သို့ထိုးထွက်လျက်ရှိကြလေသည်၊ တံတိုင်းများ၏ထုထည်အထူမှာ(၇)ပေ(၆)ပေရှိကြပြိး (၁၂)ပေစီမြင့်ကြလေသည်၊
တံခါးများ၏အတွင်းဘက်နံရံများဍ် မြေကြိးသည်တစ်ပေခန့်အကွာရှိကျောက်တုံးကြီးများနင့်(၈)ပေအမြင့်ကျေက်တုံးကြီးတွင်(၅)လက်မရှိသောအပေါ်က်တစ်ပေါ်က်စီကိုထွင်းလုပ်ပြုပြင်တပ်ဆင်ထားသည်
ထိုတံခါးများကို ပိတ်နိုင်ရန်အတွက် အရှင်တံခါးတပ်ဆင်ထားခြင်းဖြစ်ပေသည်၊ နန်းတော်၏အနောက်ဘက်
ဒုတိယနင့်တတိယတံတိုင်းအကြားတွင်ကျုံးများရှိသည်၊ အရှေ့တောင်ဘက်တွင် ဗဟိုရ်စည်တော်ထားရှိသော
စည်တော်ကိုအချိန်မှန်ယွန်းသော (ယွန်းတောင်)ခေါ် (ရွန်းတောင်) တည်ရှိသည်၊ တောင်ဘက်တွင် (၀ယိုင်သာ)ခေါ် (ဥယျဉ်တော်)ထားရှိသည်၊ (ယခုအခါအထက်တန်းကျောင်းရှိဘောလုံးကွင်းနေရာဖြစ်သည်
နန်းတော်၏အရှေ့ဘက်ဒုတိယအဆင့်တွင် နန်းသူနန်းသားများသောက်သုံးကြသောသောက်သုံးကြသောသောက်ရေကန်(နန်းသားကန်)တ်ညရှိသည် ၊၊ ယခုအခါ ထိုကန်သည် (နံသာကန်) ဟုခေါ်ဆိုကြသည်၊၊ ယခုနန်းတော်ကုန်း၏အရှေ့ဘက်ဆင်းလမ်း (နန်းကျောက်လှေကား) ယခုပြည်သူဆေးရှံကြီးရှေ့ ၊၊ လှေကားနင့်အနောက်ဘက်ရှိနန်းကုန်ုးအဆင်း(လှေကား)တို့မှာဗြိတိလျှအင်္ဂလိပ်တို့ စိုးစံခဲ့စဉ်ကာလ (မြောက်ဦးနန်းတော်ကနုးအားဖောက်ပြိးသော်အရှေ့နောက်တောက်လျှောက်ပိုင်းပြိးလမ်းလုပ်ရန်စီစဉ်ခဲ့သည်၊၊)
တစ်မြို့လုံးကကန့်ကွက်ဆန္ဒပြလေကြသဖြင့် လမ်းမဖောက်ဘဲရပ်တန့်ကာယခင်မင်းဆင်းလှေကားကိုပတ်၍
အရှေ့အနောက်တစ်ဖြောင့်တည်းကျောက်(၂)ခုကိုတပ်ဆင်ထားခဲ့ခြင်းဖြစ်သည်ရခိုင်မင်းများလက်ထက်နန်းတော်ကုန်းသို့အဆင်းအတက်ကျောက်လှေကားအစစ်မှန်နေရာတို့ကားအနောက်ဘက်၌ (ယခုပါတီယူနစ်ဟောင်းရှေ့)ကျောက်လှေကားဆင်းလမ်းတစ်ခု၎င်းနင့်အရှေ့ဘက်သို့တစ်ဖြောင့်တည်းနန်းသားကန်တော်ဘက်သို့ဆင်းလမ်းကျောက်လှေကားတစ်ခုဖြစ်သည်
ရှေးမင်းများသည်ဤနန်းတော်ကုန်းသို့ အရပ်လေးမျက်နာ ဆင်းတက်နိုင်ကြစေရန် အရပ်လေးမျက်နာတွင် ရှေးကျောက်လှေကားတံခါးပေါ်က်(၄)ခုကိုတွေ့မြင်ကြရမည်ဖြစ်သည်၊၊ သို့ဖြစ်ပါ၍ရခိုင်မြို့တည်ဗိသုကာကျမ်း၌
ဖေါ်ပြထားသည် ၊၊(ခုနစ်ရာကိုးဆယ် စွန်းဝယ်နစ်ဟေ်၊ လတော်သလင်း၊လျှံဝင်းထွန်းညီ၊ထွက်ပြီး နေထက်၊
ဆန်းတစ်ရက်၌၊မြောက်ဦးမြို့သာ၊ တည်ခြင်းရာကား၊တောင်ညိုကုက္ကား၊နစ်ပါးတူညီ၊ ဘုမ္မိနက်သန်၊
မြေကြန့်သင့်ရာ၊ ယင်းသည်မှာလည်း၊ အကာအင်းသီး၊ ထားတုံပြီးမှ၊ တည်ထွေမြိုနန်း၊ ကန်စန်းကန်လဂ်၊တ
ထောက်ဘက်ကို၊မပျက်ထိုရော်၊ဆက်တက်သော်ကား၊အရာထောင်သောင်း၊ ကျိန်းခန်းအောင်း၏ ၊၊)ဟူ၍ပင်
ပါရှိလေသည် ဤမြောက်ဦးမြို့နန်းတော်ကုန်းကို တံတိုင်းသုံးတန် ၀ိုင်းကာရံလျက်ထိုတံတိုင်းတို့ အကြားတို့တွင်
လည်းကျုံတော်များထားရှိသည်၊၊ မြို့တံတိုင်းများအထက်ဝယ်လည်းမြင်းစီးသူရဲဗိုလ်ပါများစီးနင်းသွားလာနိုင်အောင်စီမံပြုလုပ်ထားသည်၊၊ မြို့ကျောက်တံခါးများကိုလည်းခိုင်လုံစွာဖြင့်ခမ်နားကြိးကျယ်စွာတည်ဆောက်စိမံထားခဲ့လေသည်ထိုကြောင့်မြောက်ဦးမြို့တော်ကြီးသည်ထိုအချိန်ကအိမ်ခြေပေါ်င်းများစွာနင့် (ကြက်ပျံမကျ) စည်ကားခဲ့လေသည် သို့ဖြစ်ပါ၍ ခရစ်အေဒီ(၁၅)ရာစု(၁၆)ရာစုထိ ကာလအတွင်းအလွန်ချမ်းသာကြွယ်ဝသောကမ္ဘာအဆင့်မီသမိုင်းတင်ထင်ရှားသော( The City Of Moruk Oo)
မြို့တစ်မြို့သာဖြစ်ပေသတည်း၊၊
No comments:
Post a Comment